the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခြင်း၊ ပညာပေးဟောပြောခြင်းနှင့် Talk show အစီအစဉ်တွင် တိုင်းရင်းဆေးပညာပေးပြောကြားခြင်း

၂၂-၈-၂၀၂၂  နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ  ဆရာမများသည် ၁၈-၈-၂၀၂၂ ရက်နေ့တွင် အမကညောင်ကုန်းကျောင်းရပ်ကွက်(၂)၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ရာ ကုသခံလူနာဦးရေ စုစုပေါင်း (၉၅)ဦးတိုအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း၊ အဆိုပါ ကျောင်း၌တွင် ကျန်းမာရေးပညာပေးဟောပြောဆောင်ရွက်ရာတွင် တက်ရောက်သူဦးရေ (၁၁၅)ဦးအား ဟောပြောဆောင်ရွက်ခဲ့ကြောင်းနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဲကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Talk Show အစီအစဉ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါနှင့်အဖျားရောဂါအကြောင်း တို့ကို ပညာပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ