the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁၇-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေး မှုတိုဖြင့် မအူပင်ခရိုင် ဓနုဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ  ဆရာ/ဆရာမများပါဝင်သော အဖွဲ့သည် ၁၆-၈-၂၀၂၂ ရက်နေ့တွင် ဓနုဖြူမြို့နယ် အမှတ်(၁၇)ရပ်ကွက် ရွှေဟသ်ာ ကျောင်းတိုက်တွင်ပြုလုပ်သော ဝါတွင်းမိုးကုတ်ဝိပဿနာ(၇)ရက် အထူးတရားစခန်းပွဲ၌ မိုးရာသီ၌ဖြစ်တတ်သောရောဂါများနှင့်ဆောင်ရန်ရှောင်ရန်အစားအစာတို့ကို ပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး အဆိုပါနေရာ၌ပင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှု ဆောင်ရွက်ရာတွင် ဆေးကုသခံလူနာ လူကြီး(ကျား)(၁၂) ဦး၊ လူကြီး(မ)(၃၄)ဦး စုစုပေါင်း (၄၆)ဦး အား ဆေးကုသပေးခဲ့ကြောင်းနှင့် ၁၇-၈-၂၀၂၂ ရက်နေ့တွင် အ-မ-က တောင်ပေါ်ကျောင်း၌ မိုးရာသီ၌ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်အစားအစာတို့ကို ပညာပေးဟောပြောခဲ့ပြီး  အဆိုပါနေရာ၌ပင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှု ဆောင်ရွက်ရာ တွင် ဆေးကုသခံလူနာ လူကြီး(မ)(၆)ဦး ကလေး(ကျား)(၄၃)ဦး ကလေး(မ)(၃၄)ဦး စုစုပေါင်း(၈၃) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့်အခမဲ့ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ