the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ၁၆ ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်း

၁၄-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ၁၆ ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆေးရံုအုပ်ဦးဆောင်၍ ဆရာ/ဆရာမများပါဝင်သောအဖွဲသည် ၁၄-၈-၂၀၂၂ ရက်နေ့တွင် ပုသိမ်မြို ရွှေမြင်တင်ကျောင်၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ ကုသခံလူနာ ကျား(၂၄)ဦး မ(၆၇)ဦး စုစုပေါင်း(၉၁)ဦးကို တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသ ပေးခဲ့ပါသည်။

ဆက်လက်ပြီး ၁၆ ခုတင်ဆံ့ ပုသိမ်ဆေးရံု ဆေးရံုအုပ် ဒေါ်ဇာနည်စိုးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာနှင့် တုပ်ကွေးရောဂါအကြောင်းကို  တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာတွင် တက်ရောက်သူ  ကျား(၁၀)ဦး မ(၄၅)ဦး စုစုပေါင်း (၅၅)ဦး အား ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့