the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်း နှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း

၁၂-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ အထွေထွေရောဂါကုဌာနမှ အကြီးတန်း တိုင်းရင်းဆေးမှူး ဦးဆောင်၍ ဆရာမ(၅)ဦးပါဝင်သောအဖွဲ့သည် ၁၂-၈-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(၁)၌ တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများဖြစ်သည့် လေထိုး/လေအောင့်၊ ဝမ်းပျက်/ဝမ်းလျောရောဂါ၊ သံကောင်/တုပ်ကောင်ရောဂါအကြောင်းကို  တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာတွင် တက်ရောက်သူ ဆရာ/ဆရာမ (၇)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၉၃)ဦး၊ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုပေးရောတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၇)ဦးကို တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း