ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုကတ်ပြားများ လာရောက်ထုတ်ယူရာတွင် သက်တမ်းကုန်မှတ်ပုံတင်မူရင်းနှင့် တံဆိပ်(၃)စုံစီ တပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။