၂၉-၇-၂၀၂၂
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ၂၇.၇.၂၀၂၂ ရက်နေ့တွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း ဟောပြောခြင်း၊ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ အဖျားရောဂါများကာကွယ်သော ဆေးလက်ဖက်ခြောက်များ အခမဲ့ပေးဝေခြင်း တိုင်းရင်းဆေးပညာဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း၊ တက်ရောက်သူ ကျား (၁)ဦး၊ မ(၃၀)ဦး စုစုပေါင်း (၃၁)ဦးတို့အား တိုင်းရင်းဆေးပညာအကြောင်း ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။