the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၅၀) ဆံ့ တောင်ကြီးတိုင်းရင်းဆေးရုံ၊ တောင်ကြီးမြို့တွင်ကျင်းပပြုလုပ်သော၊ တိုင်းရင်းဆေးပညာဦးစီးဌာန ရှမ်းပြည်နယ်၏ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “ဆီးကျောက်တည်ရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနား ကျင်းပခြင်း

၂၆-၇-၂၀၂၂ ၊ နေပြည်တော်

 ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့နံနက် ၁၀:၀၀ နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဆရာမကြီး​ဒေါ်ကြည်ကြည်မြင့်က ဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားမှူးအဖြစ်​ ဒုတိုင်းရင်း​ဆေးမှူး ဒေါ်ဥမ္မာ​အေးက ​ဆောင်ရွက်ခဲ့ပါသည်။

(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)မှ ဆေးရုံအုပ် ဦးမြင့်ခိုင်က “ဆီးကျောက်တည်ရောဂါ” စာတမ်းအကြောင်း ဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့  ခုတင်(၅၀)ဆံ့ တောင်ကြီးတိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများ၊ လွိုင်လင်ခရိုင် တိုင်းရင်း​ဆေးဆရာအသင်း၊ ခရိုင်/မြို့နယ် တိုင်းရင်း​ဆေးကုဌာနများမှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း (၄၀)ဦး ရှိပြီး တက်ရောက်လာကြသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေး​နွေး၊ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေး​နွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ