၂၆-၇-၂၀၂၂၊ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ ဆရာမများသည် ၂၃-၇-၂၀၂၂ ရက်နေ့တွင် ဇီးငူကျေးရွာအုပ်စု၊ဇီးငူကျေးရွာ၊စာသင်ကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆေးကုသခံယူသူ လူနာဦးရေ လူကြီး (ကျား) (၂၀)ဦး၊ (မ) (၂၉)ဦး၊ စုစုပေါင်း (၄၉)ဦး ရှိခဲ့ပါသည်။ ထို့နောက် ဆေးကုသခံယူသူလူနာများအား မိုးရာသီတွင်အဖြစ်များသောရောဂါများနှင့် ဆောင်ရန်၊ရှောင်ရန်များအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။