၂၅-၇-၂၀၂၂၊ နေပြည်တော်
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်(၃:၀၀) နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးနေအောင်၊ တိုင်းဦးစီးဌာနမှူး-(ငြိမ်း) တိုင်းရင်းဆေးပညာဦးစီးဌာနက ဆောင်ရွက်ပြီး စာတမ်းကြီးကြပ်သူ ဒုတိယဆေးရုံအုပ် ဦးလှမော်၊ စာတမ်းရှင် ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဦးညီညီအောင်မှ ဆီးကျောက်တည်ရောဂါအကြောင်း စာတမ်း တင်ပြ ဆွေးနွေးခဲ့ကာ အခမ်းအနားမှူးအဖြစ် လ/ထတိုင်းရင်းဆေးမှူး ဒေါ်မြသင်းကြူက ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ၊ လ/ထညွှန်ကြားရေးမှူးများ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ အကြီးတန်းတိုင်းရင်းဆေးမှူးများ၊ ဒုတိယတိုင်းရင်းဆေးမှူးများ၊ လက်ထောက်တိုင်းရင်းဆေးမှူးများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို့ တက်ရောက်လာကြသူများက တင်ပြသည့် စာတမ်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်သူ စုစုပေါင်း(၂၅)ဦး ရှိပါကြောင်း သိရှိရပါသည်။