the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး နေပြည်တော်မှ နေပြည်တော် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၁၉-၆-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် နေပြည်တော် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာ၌ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်နီနီခိုင် ဦးဆောင်၍ ကုသရေးဝန်ထမ်း(၆)ဦးတို့သည် ဇေယျာသီရိမြို့နယ်၊ မွန်းတည့်ခွင်ကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများအား တိုင်းရင်းဆေး ပညာဖြင့် အခမဲ့ ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ စုစုပေါင်းလူနာ(၇၀)ဦးရှိခဲ့ပါသည်။ ၎င်းကျေးရွာသူ/ကျေးရွာသားများကို မိုးရာသီတွင်အဖြစ်များသောရောဂါများအ​ကြောင်းနှင့် တိုင်းရင်းဆေးဖြင့် ကာကွယ်နည်း၊ ကုသနည်းများ ပညာပေးဟောပြောခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းဆေးကုသသည့်အဖွဲ့အား ကျေးရွာမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်