၁၉-၇-၂၀၂၂
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းဒေသကြီးတိုင်းရင်းဆေးဆရာအသင်းက ဆရာကြီးဦးစိုးဝင်းက ဆောင်ရွက်ခဲ့ပြီး၊ ဟောပြောသူ ၂၅ ခုတင်ဆံ ရွှေဘိုတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ရီရီလွင်မှ “ဆီးကျောက်တည်ရောဂါ” စာတမ်းအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ ၂၅ ခုတင်ဆံ ရွှေဘိုတိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ တက်ရောက်သူစုစုပေါင်း (၁၅)ဦးရှိ ပြီး တက်ရောက်လာကြသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။