the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံ ကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “ဆီးကျောက်တည်ရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၁၉-၇-၂၀၂၂

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ရေတာရှည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်ဆေးမှူး ဒေါ်မေနှင်းက ဆောင်ရွက်ခဲ့ပြီး၊ ဟောပြောသူ ၁၆ ခုတင်ဆံ ဖြူးတိုင်းရင်းဆေးရုံမှ လ/ထတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းမှ “ဆီးကျောက်တည်ရောဂါ” စာတမ်းအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ၁၆ ခုတင်ဆံ ဖြူးတိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်သူစုစုပေါင်း (၁၄)ဦးရှိပြီး တက်ရောက်လာကြသူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ