၁၉-၇-၂၀၂၂
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးလှစည်က ဆောင်ရွက်ခဲ့ပြီး၊ ဟောပြောသူ ၁၆ ခုတင်ဆံ ပေါင်းတည်တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး အေးအေးချစ်မှ “ဆီးကျောက်တည်ရောဂါ” စာတမ်းအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ ၁၆ ခုတင်ဆံ ပေါင်းတည်တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း (၂၀)ဦး ရှိပြီး တက်ရောက်လာကြသူများမှ စာတမ်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။