၁၄-၇-၂၀၂၂
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၃-၇-၂၀၂၂ ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ အောင်မင်္ဂလာသီလရှင်စာသင်တိုက်၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
ဆေးကုသခံယူသူ လူကြီး (မ) (၃၁)ဦး၊ ကလေး(မ) (၄)ဦး၊ စုစုပေါင်း (၃၅)ဦး ရှိခဲ့ပါသည်။ ထို့နောက် မိုးရာသီတွင်အဖြစ်များသောရောဂါများအနက်မှ ရာသီတုတ်ကွေးအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ရာတွင် ဟောပြောပွဲ တက်ရောက်သူ စုစုပေါင်း (၄၂) ဦး ရှိပါကြောင်း သတင်းရရှိပါသည်။