၁၁-၇-၂၀၂၂
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၉-၇-၂၀၂၂ ရက်နေ့တွင် ပုသိမ်မြို့ မျဉ်းကြောင်းဘုန်းကြီးကျောင်းတိုက်၊ ကြည်သာစံပြကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာဦးရေ ကျား(၁၂)ဦး၊ မ(၂၂)ဦး စုစုပေါင်း (၃၄)ဦး အား အခမဲ့ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။
အဆိုပါ လူနာများအား မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့် တိုင်းရင်းဆေး ပညာဖြင့် ဆောင်ရန်/ရှောင်ရန်များအကြောင်းကို ပညာပေးဟောပြောခဲ့ပါ ကြောင်း သတင်း ရရှိပါသည်။