the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၁၁-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ ဆရာမများသည် ၈-၇-၂၀၂၂ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့၊ တပင်ရွှေထီးတောင်ရပ်ကွက် အလကခွဲကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆေးကုသခံယူသူ ကျောင်းသူ/ကျောင်းသား ဦးရေ ကျား(၂၅)ဦး၊ မ(၃၂)ဦး စုစုပေါင်း (၅၇)ဦး ရှိခဲ့ပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ကာကွယ်ခြင်း ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာတွင် ဟောပြောပွဲတက်ရောက်သူ စုစုပေါင်း (၁၀၂) ဦး ရှိပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း