the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပန်းတနော်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၁၁-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ပန်းတနော်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာမများသည် ၇-၇-၂၀၂၂ ရက်နေ့တွင် အောင်သပြေဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆေးကုသခံယူသူ လူနာဦးရေ ကျား(၁၀)ဦး၊ မ(၁၅)ဦး စုစုပေါင်း (၂၅)ဦးရှိခဲ့ပါသည်။

ထို့နောက် သွေးတိုးရောဂါအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ကုသ/ကာကွယ်ခြင်း ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ရာတွင် ဟောပြောပွဲတက်ရောက်သူ (၂၅) ဦး ရှိပါကြောင်း သတင်းရရှိပါသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့