the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်ဆေးတက္ကသိုလ်မှ လေ့ကျင့်မွေးထုတ်ပေးနိုင်မှုနှင့် ဆောင်ရွက်ချက်များ

တိုင်းရင်းဆေးတက္ကသိုလ် ပညာသင်ကြားမှုစာရင်း

စဉ်  ပညာသင်နှစ် သင်တန်းသား/သူ  အရေအတွက်   
၁။ ပထမနှစ် ၁၂၀ ဦး
၂။ ဒုတိယနှစ် ၈၁ ဦး
၃။ တတိယနှစ် ၄၉ ဦး
၄။ စတုတ္ထနှစ် ၅၂ ဦး
၅။ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(ပေါင်းကူး) ၄၁ ဦး
၆။ (ပထမနှစ် + ဒုတိယနှစ်)
အလုပ်သင်ဆင်း(ဘွဲ့ကြို+ပုံမှန်)            
၇၇ ဦး

 

တိုင်းရင်းဆေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသူများအတွက် လူ(၂၀၀) ဆံ့ လေးထပ် အိပ်ဆောင် (၁)ဆောင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူများအား အဆောင်နေထိုင်ခွင့်ပြုခဲ့ပါသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်မှ တိုင်းရင်းဆေးရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြသည့် အလုပ်သင် တိုင်းရင်းဆေးဆရာများအား အလုပ်သင် ထောက်ပံ့ကြေးငွေ (၁) လလျှင် ကျပ်(၃၀၀၀၀) ခံစားခွင့်ပြုခဲ့ရာမှ (၂၀၁၇)ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ (၁) လလျှင် ကျပ်(၇၅၀၀၀/) တိတိ ခံစားခွင့် ပြုခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ