the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့၊ ၁၆ ခုတင်ဆံ့ မော်ကျွန်းတိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၇-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် မော်လမြိုင်ကျွန်းမြို့၊ ၁၆ ခုတင်ဆံ့ မော်ကျွန်းတိုင်းရင်းဆေးရုံမှ  ဆရာ/ဆရာမများသည် ၆-၇-၂၀၂၂ ရက်နေ့၌ ကွမ်းခြံချောင်း(အ.ထ.က)ခွဲ စာသင်ကျောင်းတွင် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာတွင် လူနာဦးရေ ကျား(၄၃)ဦး၊ မ(၂၀)ဦး စုစုပေါင်း (၆၃)ဦး ကို ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး ဆေးကုသခံလူနာများအား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် ဆောင်ရန်/ရှောင်ရန်များအကြောင်းကို ဟောပြောခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း