the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာတောင်ကြီးမြို့မှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း နှင့် ပညာပေးဟောပြောခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၆-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ တောင်ကြီးမြို့မှ ဆေးရုံအုပ်ဦးဆောင်၍ ဆရာမ(၅)ဦးတို့သည် ၃-၇-၂၀၂၂ ရက်နေ့၊ အေးသာယာ အမှတ်(၆) ရပ်ကွက်၊ စမ်းလှပမာပရဟိတကျောင်း၌ လူနာ(၈၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသခြင်းနှင့် ကျောင်းသား/ကျောင်းသူ(၉၅)ဦးအား မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် ဆောင်ရန်/ရှောင်ရန်များအကြောင်းကို ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆေးကုသခံလူနာများနှင့် ကျောင်းသား/ ကျောင်းသူများအား မျက်နှာအကာ (Face Mask) များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ