the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးရုံ/ဆေးကုဌာနများ၏ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေး ဟောပြောခြင်း

၆-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ကြို့ပင်ကောက်မြို့မှ ဆရာ/ဆရာမများသည် ၁၈-၆-၂၀၂၂ ရက်နေ့၊ ဥက္ကံကျေးရွာ၊ ကြို့ပင်ကောက်မြို့နယ်၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသခြင်းတွင် လူနာဦးရေ ကျား(၂၀)ဦး၊ မ(၄၁)ဦး စုစုပေါင်း (၆၁)ဦး ကိုသော်လည်းကောင်း၊  မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် ဆောင်ရန်/ရှောင်ရန်များအကြောင်းကို ပညာပေးဟောပြောခြင်းဆောင်ရွက်ရာတွင် ကျား(၁)ဦး၊ မ(၅၀)ဦး စုစုပေါင်း (၅၁)ဦး ကိုသော် လည်းကောင်း ဟောပြောခဲ့ပါကြောင်း သိရှိရပါသည်။

၁၇-၆-၂၀၂၂ ရက်နေ့၊ ပဲနွယ်ကုန်းမြို့၊ တိုင်းရင်းဆေးကုဌာနမှ တပင်ရွှေထီးရပ်ကွက်(မြောက်ခြမ်း) အလက(ခွဲ) ဘောလုံးကွင်းကျောင်းတွင်လည်း ကျောင်းသား/ ကျောင်းသူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် ဆောင်ရန်/ ရှောင်ရန်များအကြောင်းကို ဟောပြော ခဲ့ပါကြောင်း သိရှိရပါသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့