the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ၂၀၂၂ ခုနှစ် ဇွန်လ အတွင်း တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၅-၇-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၂၀-၆-၂၀၂၂ ရက်နေ့၊ အမှတ်(၂)ရပ်ကွက်၊ အမက (၅) မူလွန်ကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခြင်း ဆောင်ရွက်ရာတွင် လူနာဦးရေ (၁၁၉)ဦးကိုသော်လည်းကောင်း၊  ၂၁-၆-၂၀၂၂ ရက်နေ့၊ အမှတ်(၁)ရပ်ကွက် အမက(၂)မူလွန်ကျောင်း၌ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာ တွင် လူနာဦးရေ (၁၃၄)ဦး ကိုသော်လည်းကောင်း၊  ၂၂-၆-၂၀၂၂ ရက်နေ့၊ အမှတ်(၉) ရပ်ကွက် အမက(၃) မူလွန်ကျောင်း၌ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာတွင် လူနာဦးရေ (၁၃၁)ဦး ကိုသော်လည်းကောင်း၊ ၂၃-၆-၂၀၂၂ ရက်နေ့၊ အမှတ်(၄)ရပ်ကွက် မူလွန်ကျောင်း၌ ကွင်းဆင်း ဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် လူနာဦးရေ (၁၁၉)ဦး ကိုသော်လည်းကောင်း ၊ ၂၄-၆-၂၀၂၂ ရက်နေ့၊ အမှတ်(၃)ရပ်ကွက် အမက(၅) မူလွန်ကျောင်း၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် လူနာဦးရေ (၅၉)ဦး ကိုသော်လည်းကောင်း၊ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း