the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၂၈-၆-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနမှ ဆရာမများသည် ၂၇-၆-၂၀၂၂ ရက်နေ့တွင် အမှတ် (၁၈) ရပ်ကွက်၊ လိပ်ဉကုန်းကျောင်းတရားရိပ်သာသို့ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာ ကျား(၁၆)ဦး၊ မ(၅၆)ဦး၊ ကလေး မ (၁)ဦး ရှိခဲ့ပါသည်။

ထို့နောက် အဆိုပါ ရပ်ကွက်နေပြည်သူများသို့ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ လူဦးရေ (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။  

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း