၂၈-၆-၂၀၂၂
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဆရာမများသည် ၆-၆-၂၀၂၂ ရက်နေ့တွင် ဗဟန်းမြိုနယ်၊ သမိဒေါဒယသီလရှင်စာသင်တိုက်သို့ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာ(၄၈)ဦးရှိခဲ့ပါသည်။
ထို့ပြင် ၁၃-၆-၂၀၂၂ ရက်နေ့တွင် မှော်ဘီမြို့နယ် သမိဒေါဒယဖျာပုံသီလရှင်သင်ပညာရေး ကျောင်းတွင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပြုခဲ့ရာတွင် လာရောက် ဆေးကုသခံယူသူ လူနာ(၈၀)ဦးရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ အတွင်း၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှု (၂)ကြိမ် စုစုပေါင်း လူနာဦးရေ (၁၂၈)ဦးအား တိုင်းရင်းဆေး ပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။