၂၀၂၂ ခုနှစ် ဇွန်လ ၂၄ရက်
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပရပိုက်စာပေအထူးပြု တတိယနှစ်ကျောင်းသားများသည် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံအေးသာယာ တောင်ကြီးသို့ ၂၄.၆.၂၀၂၂ ရက်နေ့ နေ့လယ် (၁း၀၀)နာရီအချိန်တွင် လာရောက်လေ့လာခဲ့ပါသည်။
ထို့နောက် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသော လူနာများ၏ အခြေအနေအား ကြည့်ရှု့အားပေးခဲ့ပြီး ဆေးရုံအတွင်း စိုက်ပျိုးထားသည့် ဆေးဖက်ဝင်အပင်များကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။