the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေး အဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့ တွေ့ဆုံပွဲ အခမ်းအနား

၂၀-၆-၂၀၂၂ ရက်နေ့

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀-၆-၂၀၂၂ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၇)၊ တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အခမ်းအနားကို အစီအစဉ် (၉)ရပ်နှင့် ဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ နှုတ်ခွန်းဆက်စကာပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ တိုင်းရင်းဆေးကောင်စီနှင့်ပတ်သက်ပြီး စဉ်စားထားတာတွေရှိပါကြောင်း၊ ၃၀-၅-၂၀၂၁ ခုနှစ် နာယကအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ထားပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားသူတွေရှိတဲ့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် (၄၅)ဦးပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး၊ (၁၅)ဦးအား ပြန်လည် ရွေးချယ်တင်မြောက်ရမည်ဖြစ်ပါကြောင်း၊ ကောင်စီ၏ တာဝန်များသည် များပြားကြီးမားပါကြောင်း၊ ကောင်စီမှ ထိန်းကျောင်းရမယ့် ကဏ္ဍတွေ များပြားပါကြောင်း ပြောကြားပါသည်။ တိုင်းရင်းဆေးလောကဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့်တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ဦးစီးဆောင်ရွက်ကြမှာဖြစ်ပြီး၊ တိုင်းရင်းဆေး တက္ကသိုလ်မှ သင်ရိုးညွှန်တမ်းများအား နိုင်ငံတကာစံမီအောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်အကြံပေးအဖွဲ့မှလည်း ကျွမ်းကျင်ပြီးသား ဖြစ်သည့်အတွက် ပိုမို ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ဆောင်ရွက်သွားကြမှာဖြစ်ကြောင်းပြောကြားပါသည်။ တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ ဆောင်ရွက်ထားတာတွေအများကြီးရှိပါကြောင်း၊ တိုင်းရင်းဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသောလူနာတွေ ထားရှိနိုင်အောင်၊ တိုင်းရင်းဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်အောင် ဆေးခါးကြီးပါဝင်သော ဆေးဝါးတွေဖော်စပ်ခြင်းသည် ကိုဗစ်-၁၉ ရောဂါတင်မဟုတ်ဘဲ ရိုးရိုးတုပ်ကွေးရောဂါများ အတွက်လည်း ကာကွယ်ကုသနိုင်အောင် ဆောင်ရွက်ထားတာတွေတွေ့ရှိရပါတယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ပရဆေးဉယျာဉ် (၉)ခုရှိပြီး မျိုးပျောက်မသွားအောင် ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများ ပြန်လည်ကျင်းပနိုင်အောင် ဝိုင်းဝန်းကူညီပေးကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ပိုမိုစိတ်ဝင်စားအောင် ကျင်းပဖို့လိုအပ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့ကိုယ်စား ဆရာဦးမြင့်လွင်မှ (၂၅-၁-၂၀၁၉) တွင် တိုင်းရင်းဆေးကောင်စီဉပဒေကို ပြဌာန်းခဲ့ပြီး တိုင်းရင်းဆေးကောင်စီ        ဥပဒေပုဒ်မ(၆)အရ နာယကအဖွဲ့ကို တိုင်းရင်းဆေးကောင်စီဉပဒေ ပုဒ်မ(၇) ပုဒ်မခွဲ(က)အရ ဥပဒေနှင့်အညီ နိုင်ငံတော်မှဖွဲ့စည်းပေးခဲ့ပါကြောင်းနှင့် ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခဒေါက်တာဦးမိတ်မှ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနဆောင်ရွက်နိုင်ဖို့၊ နိုင်ငံတကာ အဆင့်မီချိတ်ဆက်ဆောင်ရွက်နိုင်ရန် တိုင်းရင်းဆေးညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားနေမှာဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဖုံ အသစ် အမြန်ဆုံးထွက်ရှိနိုင်ရန် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များမှ ညီညီညွတ်ညွတ် ကြိုးစားဆောင်ရွက်ပေး ကြပါလို့ ပြောကြားပါသည်။

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျန်းမာရေးဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းပြောကြားပါသည်။

တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်းမှ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကာလ၌ လက်သန့်ဆေးရည်၊ ဆေးဖက်ခြောက် နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ ပြည်သူကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ COVID CENTER များသို့ သွားရောက်၍ ကူညီဆောင်ရွက်ခဲ့ပါသည်။ Version (2) ကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။ တိုင်းရင်းဆေးတက္ကသိုလ် တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ၌  တက်ရောက်နေသော ကျောင်းသား/ သူများ၏ အခြေအနေများနှင့် ဝန်ထမ်းလိုအပ်ချက်များကို တင်ပြခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ တိုင်းရင်းဆေးဖြင့် ရောဂါ ကာကွယ်ရေးကို ဆောင်ရွက်ရာ၌ အစားအသောက်အနေအထိုင်သည် အရေးကြီးပါကြောင်း ကို ပြည်သူလူထုသိရှိစေရန်နှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသား/သူဦးရေ တိုးတက်စေရေး၊ သင်ကြားသည့် ဘာသာရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခြင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သင်တန်းများ ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခြင်း၊ မဟာဘွဲ့သင်တန်းများနှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးနံပါတ် (၄၇) ငန်းနက်ကျော်ဆေးအား ဖော်စပ်၍ အသုံးပြုသင့်ပါကြောင်း တင်ပြဆွေးနွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် သုတေသနပြုဆောင်ရွက်ထားသော ဆေးခါးကြီးပါဝင်သည့် တိုင်းရင်းဆေးအား ထွက်ရှိနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနား ကို ၁၁ : ၃၀ နာရီတွင် ရုတ်သိမ်းပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ