the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်မြို ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ်ကျင်းပခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၂၂ ခုနှစ် မေလ ၃၁ ရက် နေ့လယ် (၀၂:၀၀)နာရီတွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးဌာနမှူး ဦးစိုးမိုးမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်    ဦးဆန်းလင်းက ဆောင်ရွက်ခဲ့ပါသည်။

ဝက်သက်ရောဂါ (B05) စာတမ်းအား မော်လမြိုင်မြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးအေးပြုံးက ဖတ်ကြားတင်ပြခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများမှ  ဆရာ/ ဆရာမ (၂၆)ဦး တက်ရောက်ခဲ့ကာ  ညနေ(၀၄:၀၀) နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ