၂၀၂၂ ခုနှစ် မေလ ၃၁ ရက် နေ့လယ် (၀၂:၀၀)နာရီတွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးဌာနမှူး ဦးစိုးမိုးမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးဆန်းလင်းက ဆောင်ရွက်ခဲ့ပါသည်။
ဝက်သက်ရောဂါ (B05) စာတမ်းအား မော်လမြိုင်မြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးအေးပြုံးက ဖတ်ကြားတင်ပြခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများမှ ဆရာ/ ဆရာမ (၂၆)ဦး တက်ရောက်ခဲ့ကာ ညနေ(၀၄:၀၀) နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။