the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ်ကျင်းပခြင်း

၂၀၂၂ ခုနှစ် မေလ ၃၀ ရက် နေ့လယ် (၀၁:၃၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်း​ဒေသကြီးဦးစီးဌာနမှူး ဆရာမဒေါ်နီနီရှိန် က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် မုံရွာမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝင်းနွဲ့အောင်က ဆောင်ရွက်ခဲ့ပါသည်။

မုံရွာမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်လင်းက ဝက်သက်ရောဂါ စာတမ်းအား တင်ပြဖတ်ကြားခဲ့ရာ အခမ်းအနားတက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများမှ  ဆရာ/ဆရာမ (၂၇)ဦး တက်ရောက်ခဲ့ပြီး  နေ့လယ်(၀၃:၃၀) နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ