၂၀၂၂ ခုနှစ် မေလ ၂၈ ရက် နံနက် (၁၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဆရာဦးအောင်သန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပဲခူးမြို့၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ သူနာပြု(၃)များဖြစ်ကြသော ဒေါ်မေဇင်ဝင်းနှင့် ဒေါ်ဇူလိုင်ဆန်းတို့က ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးမြို့၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး ဒေါ်တင့်တင့်စိုးက ဝက်သက်ရောဂါ စာတမ်းအား တင်ပြဆွေးနွေးခဲ့ကာ အခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများမှ ဆရာ/ဆရာမ (၂၅)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်းနှင့် အတွေ့အကြုံများ မျှဝေကြကာ အခမ်းအနားကို နံနက်(၁၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။