၂၀၂၂ ခုနှစ် မေလ ၂၈ ရက် နံနက် (၉)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ခရိုင်တိုင်းရင်းဆေးမှူး ဆရာဦးမြင့်အောင်က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဌာနခွဲစာရေး ဒေါ်မေသူဝင်းကဆောင်ရွက်ခဲ့ပါသည်။
ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်စန်းလှိုင်က ဝက်သက်ရောဂါစာတမ်းအား ဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်နှင့် တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် အတွေ့အကြုံများ မျှဝေကြကာ အခမ်းအနားကို နံနက်(၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။