၂၀၂၂ ခုနှစ် မေလ၂၆ ရက် နေ့လယ် (၀၃:၀၀) နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme (CTME) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာမကြီး ဒေါ်ကြည်ဌေး ပြည်နယ်ဦးစီးဌာနမှူး(အငြိမ်းစား)၊ တိုင်းရင်းဆေးကောင်စီဝင်က ဆောင်ရွက်ခဲ့ပြီး အခမ်းနားမှူးအဖြစ် ဒေါ်လှ၊ လက်ထောက်တိုင်းရင်းဆေးမှူးက ဆောင်ရွက်ခဲ့ပါသည်။ စာတမ်းရှင် ဒေါ်မြတ်မဥ္ဇူဆွေ၊ လက်ထောက်တိုင်းရင်းဆေးမှူးမှ ဝက်သက်ရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ဆရာကြီးဦးစိုးမင်း မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အလုပ်အမှုဆောင်၊ ဆရာဦးအောင်မြင့် ဥက္ကဋ္ဌ ကချင်ပြည်နယ်၊ တိုင်းရင်းဆေးဆရာအသင်းခွဲ၊ ပြည်နယ်ဦးစီးဌာနမှူး၊ ဒု-ပြည်နယ်ဦးစီးဌာနမှူး၊ မြစ်ကြီးနားတိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ၊ခရိုင်/မြို့နယ်မှ ဝန်ထမ်းများ စုစုပေါင်း (၁၇)ဦး တက်ရောက်ပြီး ဝက်သက်ရောဂါ စာတမ်းနှင့်ပက်သက်၍ ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။