the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် မေလ ၂၅ ရက် နေ့လယ် (၀၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိများအဖြစ် ဆရာကြီးဦးပေါညိမ်း (ဒုတိယညွှန်ကြားရေးမှူး) (အငြိမ်းစား)၊ (ဒုတိယဥက္ကဌ၊ မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်) နှင့် ဆရာကြီး ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး(တာဝန်ခံ)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့မှ ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဒေါ်သိင်္ဂီကျော်(ဒုတိယတိုင်းရင်းဆေးမှူး)နှင့် ဒေါ်ကေကေခိုင်ဦး (လက်ထောက်တိုင်းရင်းဆေးမှူး) တို့က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ ခုတင်(၁၀၀)ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ စာတမ်းရှင် ဒေါ်မေသန်းမြင့်ထွေး (လက်ထောက်တိုင်းရင်းဆေးမှူး)မှ ဝက်သက်ရောဂါနှင့် တိုင်းရင်းဆေးပညာ အကြောင်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဆရာဦးမောင်မောင်ဦး နှင့်  ရန်ကုန်တိုင်းဒေသကြီးမှ ဆရာကြီး(၃)ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၁၆)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/ မြို့နယ်များမှ ဆရာ/ဆရာမ (၇)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၃၄)ဦး စုစုပေါင်း(၆၀)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ကြ ပါသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ(၄)နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။   

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ