the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် မေလ ၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် (၀၉: ၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဦးဝင်းမြင့်ဦး (တိုင်းဒေသကြီးဦးစီးဌာနမှူး-ငြိမ်း)၊ ဒေါ်ခင်ဖြူသက်၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့က ဆောင်ရွက်ကြပြီး အခမ်းအနားမှူးများအဖြစ် ဒေါ်မြတ်နိုးဝေ(လ/ထတိုင်းရင်းဆေးမှူး)နှင့် ဒေါ်သက်ခိုင်ဝင်း (လ/ထတိုင်းရင်း ဆေးမှူး) တို့က ဆောင်ရွက်ကြပြီး “ဝက်သက်ရောဂါ” စာတမ်းကို ခုတင်(၅၀) ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်ထက်ထက်မွန်အေး(ဒု-တိုင်းရင်းဆေးမှူး) က ဖတ်ကြားခဲ့ပါသည်။

စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးရုံများ၊ ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာနဝန်ထမ်းများနှင့် မကွေးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် တိုင်းရင်းဆေးဆရာ အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စိတ်ပါဝင်စားသူ တိုင်းရင်းဆေးဆရာများ တက်ရောက်ကြပြီး၊ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို စာတမ်းရှင်မှ ပြန်လည် ဆွေးနွေးဖြေကြားပြီး  အခမ်းအနားကို နံနက်(၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ