၂၀၂၂ ခုနှစ် မေလ ၂၁ ရက် နံနက် (၁၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာ ပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာနမှူး(အငြိမ်းစား) ဦးလှစည်က ဆောင်ရွက်ပြီး (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်သူက ဝက်သက်ရောဂါ စာတမ်းအား တင်ပြဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တိုင်းရင်းဆေးရုံများမှ ဆရာ/ဆရာမများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် အတွေ့အကြုံများ မျှဝေကြကာ အခမ်းအနားကို နံနက်(၁၂:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

