၂၀၂၂ ခုနှစ် မေလ ၂၄ ရက် နံနက် (၁၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာ ပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဒေါ်စိုးစိုးယဉ် နှင့် ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်ခင်တို့က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် အထက်တန်းသူနာပြုဆရာမ ဒေါ်နန်းမင်းမင်းအေးက ဆောင်ရွက်ပါသည်။ ခုတင်(၅၀)ဆံ့ တိုင်းရင်း ဆေးရုံမှ တိုင်းရင်းဆေးမှူး ဒေါ်သီသီခိုင်က ဝက်သက်ရောဂါ စာတမ်းအား တင်ပြဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တိုင်းရင်းဆေးရုံများမှ ဆရာ/ဆရာမများနှင့် စိတ်ပါဝင်စား သူများ တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် အတွေ့အကြုံများ မျှဝေကြကာ အခမ်းအနားကို နံနက်(၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။