၂၀၂၂ ခုနှစ် မေလ ၂၁ ရက် နံနက် (၀၉:၀၀)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ၊မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်းစီစဉ် ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) (အငြိမ်းစား) ပါမောက္ခဦးဝင်းစိုး၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဦးအောင်ကျော်မင်း ပါမောက္ခ/ဌာနမှူး (အငြိမ်းစား)၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်၊ တိုင်းရင်းဆေးကောင်စီနာယက ဆရာကြီးဦးမြင့်လွင်၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးသင်းနှင့် အသင်းဝင်များ၊ တိုင်းရင်းဆေးပညာကို စိတ်ပါဝင်စားသူများ စုစုပေါင်း(၁၀၀) ကျော်တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် တိုင်းရင်းဆေးကောင်စီနာယကနှင့် ပါမောက္ခဦးဝင်းစိုး၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) (အငြိမ်းစား) တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တို့က ဆောင်ရွက်ကြပြီး သဘာပတိ ဆရာကြီးဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားပါသည်။
ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကူညီ ပံ့ပိုးကြသော ဦးကျော်စိုး၊ ဒေါ်ယဉ်ဌေး ထိန်လင်း ဘယဆေး ရောင်းဝယ်ရေး၊ ဈေးချို၊ မန္တလေးမြို့အား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပြီး တက်ရောက်လာသူ များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး မီးယပ်ရောဂါများနှင့် ပတ်သက်၍ သုတေသနပြုလုပ်ပြီးသော စာတမ်းများအား လေ့လာခြင်း ခေါင်းစဉ်ဖြင့် စာတမ်းများအား ဒေါ်အေးနှင်းသွယ်၊ လက်ထောက်ကထိက၊ မီးယပ်ရောဂါ ပညာဌာနနှင့် ဒေါ်သင်းစန္ဒာလှိုင်၊ နည်းပြ၊ မီးယပ်ရောဂါပညာဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) တို့က ဖတ်ကြားကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို စာတမ်းရှင်များက ပြန်လည် ဆွေးနွေးဖြေကြားလျှက် ပါမောက္ခချုပ်က စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ခဲ့ပါသည်။