the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး နေပြည်တော်မှ ဒုတိယဆေးရုံအုပ်ဦးဆောင်၍ ကုသရေးဝန်ထမ်း(၇)ဦး တို့ပါဝင်သောအဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်းကျေးရွာအုပ်စု ကိုးရွာ သပြေကုန်းကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး နေပြည်တော်မှ ဒုတိယဆေးရုံအုပ်ဦးဆောင်၍ ကုသရေးဝန်ထမ်း(၇)ဦးတို့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်းကျေးရွာအုပ်စု ကိုးရွာ သပြေကုန်းကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းသွားဆေးကုသခဲ့ပါသည်။ ယင်းကျေးရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူများအား ယနေ့ နံနက် (၉:၀၀) နာရီမှ (၁၂:၀၀) နာရီထိ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ ဆေးကုသမှုပေးခြင်း၊  မျက်နှာအကာ (face  Mask)  များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

လာရောက်ဆေးကုသမှုခံယူသူ စုစုပေါင်း ကျား/မ (၅၈)ဦး ရှိပြီး အဆိုပါ ကွင်းဆင်း ဆေးကုသသည့် အဖွဲ့အား ကျေးရွာမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ ကြပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ