၂၀၂၂ ခုနှစ် မေလ ၂၁ ရက် နံနက် (၉ : ၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့် နှင့် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်ချိုတို့က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်စိုးက ဆောင်ရွက်ပါသည်။ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ (အေးသာယာ) မှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြိုးဖြိုးဝေက ဝက်သက်ရောဂါအကြောင်း စာတမ်း တင်ပြဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းဆေးရုံ၊ ခရိုင်၊ မြို့နယ်များမှ တိုင်းရင်းဆေးမှူး၊ ဒုတိယ တိုင်းရင်းဆေးမှူး၊ လက်ထောက်တိုင်းရင်းဆေးမှူးများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြ ပါသည်။
တက်ရောက်လာကြသူများမှ စာတမ်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေး၊ ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး အခမ်းအနားကို နံနက်(၁၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။