၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့ နေ့လယ်(၃:၀၀) နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)တိုင်းရင်းဆေးပညာဦးစီးဌာနက ဆောင်ရွက်ပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မြသက်နွယ်မှ ဝက်သက်ရောဂါအကြောင်း စာတမ်းတင်ပြဆွေးနွေးခဲ့ကာ အခမ်းအနားမှူးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းမိုးက ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ အကြီးတန်းတိုင်းရင်းဆေးမှူးများ၊ ဒုတိယတိုင်းရင်းဆေးမှူးများ၊ လက်ထောက်တိုင်းရင်းဆေးမှူးများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြ ပါသည်။ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို့ တက်ရောက်လာကြသူများက တင်ပြသည့် စာတမ်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး အခမ်းအနားကို ညနေ(၄:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။