the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမောင်ကိုနှင့် တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်မာရေးစောင့်ရှာက်မှု လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးဆွေးနွေး

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးမောင်ကိုဦးဆောင်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များကို (၂၃-၄-၂၀၂၂)ရက်နေ့၊ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးအတွင်း ကျန်မာရေးစောင့်ရှာက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

https://www.facebook.com/MinistryOfHealthMyanmar/posts/5573683455994247

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ