the republic of the union of myanmar

ministry of health

department of traditional medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်၊ ထုတ်လုပ်ခွင့်လိုင်စင်နှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်း

တိုင်းရင်းဆေးဝါးမှတ်ပုံတင်၊ ထုတ်လုပ်ခွင့်လိုင်စင်နှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်း

 

၁။        ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ (၉-၉-၂၀၂၀) ရက်နေ့မှစ၍ ရုံးဌာနအသီးသီးသို့ ရုံးကိစ္စဆောင်ရွက်ရန် ခေါ်ယူခြင်းခံရသူများမှလွဲ၍ ကျန်ပြင်ပ ပုဂ္ဂိုလ်များ ဝင်ရောက်မှုအား တားမြစ်သွားရန်နှင့် ရုံးစာပို့ခြင်းနှင့် စပ်လျဉ်း၍ ရုံးအားလုံး၏ စာပေးစာယူဌာနနှင့်သာ ဆက်သွယ်ဆောင်ရွက်စေပြီး ရုံးခန်းများအတွင်းသို့ ဝင်ထွက်သွားလာမှုကို ကန့်သတ်သွားရန် ထုတ်ပြန်ထားရှိပါသဖြင့် ဆေးဝါးဌာန၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်၊ ထုတ်လုပ်ခွင့် လိုင်စင်နှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းရပ်ဆိုင်းခြင်း မဖြစ်စေရန်အတွက် (၁၆-၉-၂၀၂၀)ရက်နေ့တွင် ကျင်းပသော ဆွေးနွေးချက်အရ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၏ (၃၀-၉-၂၀၂၀) ရက်စွဲပါစာအမှတ်၊ တဆပ/ ဆဝ/၂၀၂၀(၅၃၉၉)ဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

၂။         ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာစွာ ကျဆင်းလာခြင်းတို့ကြောင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်နှင့် အထွေထွေ ကိစ္စရပ်များအား ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း ပြန်လည်ဆောင်ရွက်မည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် အကြောင်းကြားပါသည်။

၃။        ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို ဆက်လက်လိုက်နာဆောင်ရွက်မည်ဖြစ်ပါသည်။

 

                                                

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆီးချိုရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ
ကြက်သွန်ဖြူ နှင့်ဆေးအသုံး
ဆေးဖက်ဝင်ငရုတ်ကောင်းပင်ကိုအသုံးပြု၍တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်း
မီးယပ်သွေးချုပ်ခြင်းအကြောင်း သိကောင်းစရာ