ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမိသားစု အတာသင်္ကြန်နှစ်ကူးကြိုဆိုပွဲကို ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်( သောကြာနေ့) ၌ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အတာသင်္ကြန်နှစ်ကူးကြိုဆိုပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သမီးပျိုလေးများ၊ တိုင်းရင်းဆေးမိသားစု သမီးပျိုလေးများက အတာသင်္ကြန်ယိမ်းအကများဖြင့် ကပြ၊ သီဆို၊ ဖျော်ဖြေခဲ့ကြပါသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနရှိအရာထမ်း၊ အမှုထမ်းဝန်ထမ်း မိသားစုများမှ ပါဝင်ဆင်နွဲခဲ့ကြပါသည်။