တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်)၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်(အသစ်)၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး)၊ တိုင်းရင်းဆေးဝါးကုန်ကြမ်းစစ်မှန်ကြောင်း ထောက်ခံချက် နှင့် တိုင်းရင်းဆေးဝါးများ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအတွက် သက်ဆိုင်ရာလျှောက်လွှာပုံစံများအား ၂၀၂၂ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ စ၍ တိုင်းရင်းဆေးပညာဦးစီးဌာန၏ Website: www.dtm.gov.mm တွင် အခမဲ့ရယူနိုင်ပါကြောင်း နှင့် ၂၀၂၂ ခုနှစ် ဧပြီလ (၁)ရက်နေ့မှစတင်၍ ဓာတ်ခွဲ စစ်ဆေးရန်လိုအပ်သော တိုင်းရင်းဆေးဝါးများ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအတွက် နှုန်းထားတစ်မျိုးတည်းဖြင့် ဆေးတစ်မျိုးလျှင် ဓာတ်ခွဲစစ်ဆေးခ (၅၀,၀၀၀/-) ကျပ်ငါးသောင်းတိတိ ပေးသွင်းရမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။