တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများ၏ ဆုံးဖြတ်ချက်အရ/သက်ဆိုင်ရာသက်တမ်းရှိ တိုင်းရင်းဆေးဝါးမှတ်ပုံတင်များပြည့်စုံပြီး၊ သတ်မှတ်ချက်များနှင့်ပြည့်စုံပါသဖြင့်(၁-၇-၂၀၂၁) မှ (၃၁-၇- ၂၀၂၁) ရက်နေ့တွင်ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) - ၄၇ စောင် အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။