တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၁/၂၀၂၁)အစည်းအဝေးကို ယနေ့(၇-၆-၂၀၂၁)ရက်နေ့ နေ့လယ်ပိုင်းက တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄၇)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူ တိုင်းရင်းဆေးဆရာကြီးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီဝင်များမှ လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အစည်းအဝေးသို့တက်ရောက်လာသည့် တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေးညှိနှိုင်းပေးခဲ့ပါသည်။ အစည်းအဝေးသို့ ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီဝင် (၂၇)ဦး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူ များလိုက်ပါလျက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ သုတေသနဌာန စိတ်ရှိ အရည်အသွေးထိန်းချုပ်ရေးဓါတ်ခွဲခန်းတွင် ထိန်းသိမ်းထားရှိသောတိုင်းရေးဆေးဝါးနမူနာများ၊ ကုန်ကြမ်းများနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှုများ ပေးအပ်ခဲ့ပါသည်။