လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်(သက်တမ်းတိုး) ကတ်ပြားအား လာရောက်ထုတ်ယူရာတွင် သက်တမ်းကုန်မှတ်ပုံတင်မူရင်းကတ်ပြား၊ တံဆိပ်(၃)စုံနှင့် လျှောက်ထားသူထံသို့ ဌာနမှ email ဖြင့် ပေးပို့ထားသည့် Soft copy ကတ်ပြားအား Print ထုတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တွင်အပ်နှံ၍ ကတ်ပြားကြေး ကျပ်(၅၀၀၀) ငါးထောင်တိတိပေးသွင်းပြီးမှသာ ခွင့်ပြုသက်တမ်းတိုးကတ်ပြားအား ထုတ်ယူရရှိမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။