the republic of the union of myanmar

ministry of health

Department of Traditional Medicine

သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါး (၃၉) မျိုးနှင့်ပတ်သက်၍ အသိပေးကြေညာချက်

ASEAN Post-marketing Alert System ဖြင့် အကြောင်းကြားမှုအရ အင်ဒိုနီးရှားနိုင်ငံ၏ Indonesian Food and Drug Authority (Indonesian FDA) ၏ စျေးကွက်စစ်တမ်း ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် ပူးတွဲပါ တိုင်းရင်းဆေးဝါး (၃၉) မျိုးတို့၌ အနောက်တိုင်း ဆေးများ ရောနှောခြင်း၊ မှတ်ပုံတင်ထားမှု မရှိခြင်းများတွေ့ရှိရသည့်အတွက် သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
 
၄င်းဆေးဝါးများကို Online တွင် တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများ အနေဖြင့် အဆိုပါကျန်းမာရေးဓာတ်စာများ၏ ဘေးအန္တရာယ်ကို သိရှိနိုင်ရန်နှင့် ဝယ်ယူသုံးစွဲမှုမပြုရန် အသိပေးကြေညာအပ်ပါသည်-
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ