ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ် များကို ထုတ်ယူရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုကတ်ပြားများ လာရောက်ထုတ်ယူရာတွင် သက်တမ်းကုန် မှတ်ပုံတင်မူရင်းနှင့် တံဆိပ်(၃)စုံစီ တပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။