တိုင်းရင်းဆေးပညာဉီးစီးဌာန၊ တိုင်းရင်းဆေးဝါးစက်ရုံ၊ မန္တလေး၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကျပ်သိန်း(၉၀)ခန့် တန်ဖိုးရှိသော စက်ပစ္စည်းပြင်ဆင်ခြင်း၊ ရေသန့်စက်နှင့် အခြားအရေးပေါ်လိုအပ်နေသော စက်များဝယ်ယူလှူဒါန်းပေးခြင်းအတွက် ဦးမောင်မောင်ဦးနှင့်မိသားစု၊ ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း အား ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။