၁။ တိုင်းရင်းဆေးတက္ကသိုလ်ရှိ အတန်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူများ၏ ပြောင်းရွှေ့၊ နှုတ်ထွက်၊ ပညာသင်ရပ်နားခွင့်ကိစ္စ၊ စာမေးပွဲကျရှုံးသဖြင့် (One-F, Two-F, Three-F) သတ်မှတ်သည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၂။ ကျောင်းအပ်လက်ခံရခြင်းကိစ္စရပ်များ၊ ကျောင်းဝင်မှတ်ပုံတင်သွင်းခြင်း ကိစ္စရပ် များ၊ အမှတ်အများအနည်းအများအလိုက် စိစစ်၍ Roll Call များ ပြုလုပ်ခြင်း ကိစ္စ၊ ကိုယ်ရေးအချက်အလက်များအား စိစစ်ဆောင်ရွက်ရခြင်းကိစ္စ၊ ကျောင်းသားကတ်များ ဆောင်ရွက်ပေးရခြင်းကိစ္စ၊ စာသင်ချိန် အချိန်စာရင်း ရေးဆွဲပေးရခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၃။ ကျောင်းခေါ်ချိန် ၇၅% မပြည့်မီ၍ မိဘထံအကြောင်းကြားသည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၄။ ပညာရေးအစည်းအဝေး၊ အလုပ်သင်ညှိနှိုင်းအစည်းအဝေး၊ သင်ရိုးညွှန်းတမ်း အစည်းအဝေး မှတ်တမ်းများ ဆောင်ရွက်ပေးခြင်း။
၅။ ပုံမှန်သင်တန်း၊ ပေါင်းကူးသင်တန်း၊ အမှတ်စာရင်း ထုတ်ပေးရေး ကိစ္စရပ်များ စိစစ်ဆောင်ရွက်ခြင်း။
၆။ Mid Term Test စာမေးပွဲ၊ အတန်းတင်စာမေးပွဲ၊ နောက်ဆက်တွဲ စာမေးပွဲ ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၇။ အောင်စာရင်းထွက်ရှိရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၈။ အလုပ်သင်ကိစ္စရပ်များဖြစ်သော အုပ်စုအလိုက် ဆေးရုံများသို့ တာဝန်ခွဲဝေမှု၊ စာတမ်းရွေးချယ်မှုနှင့်ပတ်သက်သော ကိစ္စရပ်များ၊ အလုပ်သင်ပြီးဆုံးကြောင်း ထောက်ခံစာထုတ်ပေးခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၉။ ဘွဲ့နှင်းသဘင်ကိစ္စရပ်များ၊ ပေါင်းကူး၊ မဟာ ဝင်ခွင့် စာမေးပွဲကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရခြင်း။
၁၀။ အခါအားလျော်စွာ ရုံးချုပ်မှ လာရောက်ကျင်းပသော ရာထူးတိုးစာမေးပွဲကိစ္စရပ် များ၊ တ.ဆ သက်တမ်းတိုးစာမေးပွဲကိစ္စရပ်များ၊ ရှေးဟောင်းကျမ်းစာပေ ပြိုင်ပွဲ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရခြင်း။
၁၁။ အထက်အဆင့်ဆင့်မှ ညွှန်ကြားလာသော ကျောင်းသား၊ ကျောင်းသူစာရင်းများ အား လိုအပ်သော လမ်းညွှန်မှုအတိုင်း စာရင်းပြုစုဆောင်ရွက်ပေးရခြင်း။
၁၂။ ဌာနအကြီးအကဲများမှ ပေးအပ်သည့် တာဝန်များနှင့် အထွေထွေကိစ္စရပ်များကို ဆောင်ရွက်ခြင်း။